Wednesday, March 12, 2014

၁၂။ အကူအညီပေးခြင်း

  ဟဇရသ် စအဒ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အလ္လာဟ်(စွဗ်ဟာနာသအာလာ) သည် ဤအွမ္မသ်အား ထိုက်တန်မှုနှင့် ဥာဏ်အရည်အချင်းအပေါ် အခြေခံ၍ ကူညီတော်မူသည်မဟုတ်၊ သို့ရာတွင် အင်အားချည့်နဲ.မှု ဆင်းရဲနွမ်းပါးသူများ၏ ဒိုအာ၊ နမာဇ်များနှင့် ၎င်းတို့၏ ဖြူစင်သန့်ရှင်းသော နီယသ်များအပေါ်၌သာ အကြောင်းခံ၍ အကူအညီများ ကို ချီးမြှင့်တော်မူခြင်းဖြစ်သည်။ (နစာအီကျမ်း)

၁၁။ အရှင်မြတ်အတွက်သာပြုကျင့်ခဲ့သောအမလ်

ဟဇရသ် အဗူအုမာမဟ်ဗာဟေလီ(ရသွေ့) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။ အလ္လာဟ်(စွဗ်ဟာနာသအာလာ) သည်(အအ်မာလ်)ကောင်းမှုများထဲမှ အလ္လာဟ်(စွဗ်ဟာနာသအာလာ)အတွက်သာ သက်သက်ပြုခဲ့သော အအ်မာလ်နှင့် အရှင်မြတ်ကျေနပ်နှစ်သက်ရန်အတွက်သာ ရည်ရွယ်ပြုခဲ့သော အအ်မာလ်များကိုသာ လက်ခံတော်မူသည်။ (နစာအီကျမ်း)

Tuesday, March 11, 2014

၁၀။ ဆုံးမစာ

 မဒီနာမြို့နေတစ်ဦးကဆိုသည်။ ဟဇရသ် မုအာဝေယဟ်(ရသွေ)သည် ဟဇရသ် အာအေရှဟ်(ရေဿွ့ယလ္လာဟုသအာလာအန်ဟာ) ထံစာရေး၍ ကျွန်တော့်ထံ ဆုံးမစကားအချို့ကို မရှည်လျားစေဘဲ အတိုချုံး၍ ရေးပေးပါရန် လျှောက်ထားခဲ့သည် ။ထိုအခါ သခင်မက စာတွင် စလာမ်နှင့်ဟမ်ဒိုဆွလာသ်ကို ရေးပြီးနောက် ဆက်ရေးသည်မှာ ကျွန်မသည် တမန်တော်မြတ်(ဆွ)ထံတော်မှ ဤသို့မိန်ဆိုသည်ကို ကြားနာခဲ့ရပါသည်။ အကြင်သူသည် အလ္လာဟ်(စွဗ်ဟာနာသအာလာ)၏ ကျေနပ်နှစ်သက်မှုကို ရှာကြံရာ၌ လူအများ၏ မကျေနပ်မှု၊ မလိုလားမနှစ်သက်မှု စသည်တို့ကို ဂရုမစိုက်ဘဲ ဆက်လက်ရှာဖွေနေလျှင် အလ္လာဟ်(စွဗ်ဟာနာသအာလာ)သည် လူအများမနှစ်သက်၊ မကျေနပ်မှုတို့၏ ဆိုးကျိုးများမှ ၎င်းသူအား ထိန်းသိမ်းစောင့်ရှောက်တော်မူလိမ့်မည်။ အကယ်၍ အကြင်သူသည် အလ္လာဟ်(စွဗ်ဟာနာသအာလာ)၏မကျေနပ်မှု.၊ မနှစ်မြို့မှုတို့ကို ဂရုမစိုက်ဘဲ လူအများကျေနပ်နှစ်သက်စေရန်သာ ကြိုးပမ်းနေခဲ့လျှင် အလ္လာဟ်(စွဗ်ဟာနာသအာလာ) သည် ၎င်းသူအား လူအများလက်သို့ အပ်နှံလိုက်မည်ဖြစ်သည်။ (သစ်ရ်မေဇီ)