အိခ်လားဆွ်
Thursday, April 3, 2014
၁၃။ လက်ဆောင်ချီးမြှင့်ခံရခြင်း
ဟဇရသ်အဗူဒရ်ဒါအ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အကြင်သူသည် (အိပ်စက်ရန်အတွက်) မိမိအိပ်ရာထက်သို့လာခဲ့ပြီးနောက် ညတွင် သဟဂ်ျဂျွဒ် နမာဇ်ဖတ်မည်ဟုရည်စူးခဲ့သည်။ ထို့နောက် ဤကဲ့သို့ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ရာ နံနက်အချိန်ရောက်မှသာ မျက်စေ့ပွင့်လာခဲ့သည်။ သို့ရှိရာ ထိုသူအဖို့ သဟဂ်ျဂျွဒ်နမာဇ်ဖတ်သည့် ဆ၀ါးဗ်လည်း ရရှိသွားခဲ့ပေပြီ။ ထို့အပြင်လည်း ဤသို့နှစ်ခြိုက်စွာ အိပ်စက်လိုက်ရခြင်းမှာလည်။ ထိုသူအား အလ္လာဟ်(စွဗ်ဟာနာသအာလာ)က လက်ဆောင်တစ်ခုအဖြစ်ချီးမြှင့်လိုက်ခြင်းပင်ဖြစ်ပေသည်။ (နစာအီကျမ်း)
Wednesday, March 12, 2014
၁၂။ အကူအညီပေးခြင်း
ဟဇရသ် စအဒ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အလ္လာဟ်(စွဗ်ဟာနာသအာလာ) သည် ဤအွမ္မသ်အား ထိုက်တန်မှုနှင့် ဥာဏ်အရည်အချင်းအပေါ် အခြေခံ၍ ကူညီတော်မူသည်မဟုတ်၊ သို့ရာတွင် အင်အားချည့်နဲ.မှု ဆင်းရဲနွမ်းပါးသူများ၏ ဒိုအာ၊ နမာဇ်များနှင့် ၎င်းတို့၏ ဖြူစင်သန့်ရှင်းသော နီယသ်များအပေါ်၌သာ အကြောင်းခံ၍ အကူအညီများ ကို ချီးမြှင့်တော်မူခြင်းဖြစ်သည်။ (နစာအီကျမ်း)
၁၁။ အရှင်မြတ်အတွက်သာပြုကျင့်ခဲ့သောအမလ်
ဟဇရသ် အဗူအုမာမဟ်ဗာဟေလီ(ရသွေ့) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။ အလ္လာဟ်(စွဗ်ဟာနာသအာလာ) သည်(အအ်မာလ်)ကောင်းမှုများထဲမှ အလ္လာဟ်(စွဗ်ဟာနာသအာလာ)အတွက်သာ သက်သက်ပြုခဲ့သော အအ်မာလ်နှင့် အရှင်မြတ်ကျေနပ်နှစ်သက်ရန်အတွက်သာ ရည်ရွယ်ပြုခဲ့သော အအ်မာလ်များကိုသာ လက်ခံတော်မူသည်။ (နစာအီကျမ်း)
Tuesday, March 11, 2014
၁၀။ ဆုံးမစာ
မဒီနာမြို့နေတစ်ဦးကဆိုသည်။ ဟဇရသ် မုအာဝေယဟ်(ရသွေ)သည် ဟဇရသ်
အာအေရှဟ်(ရေဿွ့ယလ္လာဟုသအာလာအန်ဟာ) ထံစာရေး၍ ကျွန်တော့်ထံ ဆုံးမစကားအချို့ကို
မရှည်လျားစေဘဲ အတိုချုံး၍ ရေးပေးပါရန် လျှောက်ထားခဲ့သည် ။ထိုအခါ သခင်မက
စာတွင် စလာမ်နှင့်ဟမ်ဒိုဆွလာသ်ကို ရေးပြီးနောက် ဆက်ရေးသည်မှာ ကျွန်မသည်
တမန်တော်မြတ်(ဆွ)ထံတော်မှ ဤသို့မိန်ဆိုသည်ကို ကြားနာခဲ့ရပါသည်။ အကြင်သူသည်
အလ္လာဟ်(စွဗ်ဟာနာသအာလာ)၏ ကျေနပ်နှစ်သက်မှုကို ရှာကြံရာ၌ လူအများ၏
မကျေနပ်မှု၊ မလိုလားမနှစ်သက်မှု စသည်တို့ကို ဂရုမစိုက်ဘဲ
ဆက်လက်ရှာဖွေနေလျှင် အလ္လာဟ်(စွဗ်ဟာနာသအာလာ)သည် လူအများမနှစ်သက်၊
မကျေနပ်မှုတို့၏ ဆိုးကျိုးများမှ ၎င်းသူအား
ထိန်းသိမ်းစောင့်ရှောက်တော်မူလိမ့်မည်။ အကယ်၍ အကြင်သူသည်
အလ္လာဟ်(စွဗ်ဟာနာသအာလာ)၏မကျေနပ်မှု.၊ မနှစ်မြို့မှုတို့ကို ဂရုမစိုက်ဘဲ
လူအများကျေနပ်နှစ်သက်စေရန်သာ ကြိုးပမ်းနေခဲ့လျှင် အလ္လာဟ်(စွဗ်ဟာနာသအာလာ)
သည် ၎င်းသူအား လူအများလက်သို့ အပ်နှံလိုက်မည်ဖြစ်သည်။ (သစ်ရ်မေဇီ)
Monday, February 24, 2014
၉။စကားသုံးခွန်း
ဟဇရသ် အဗူကဗ်ရှဟ်အန်မာရီ (ရဒွိယာလာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟု အလိုင်ဟိဝစလ္လမ်) က အမိန့်ရှိတော်မူသည်။ ကျွန်ုပ် ကစမ်ကျိန်ဆို၍
စကားသုံးခွန်းကို တင်ပြမည်။ ၎င်းနောက် မှ သီးခြား၍ စကားတစ်ခွန်းကို တင်ပြမည်။ ဤစကားကို
အသင်တို့ အထူးတလည် စောင့်ထိန်းကြပါ။ (ကျွန်ုပ်ကစမ်ကျိန်ဆိုသော စကားသုံးခွန်းအနက်မှ
တစ်ခုမှာ) မည်သည့် ဗန္ဒဟ်ကျေးကျွန်၏ ဆွဒကဟ်လှူဒါန်းလိုက်သော ဥစ္စာပစ္စည်းမှ လျော့ပါးဆုံးရှူံးသွားသည်ဟူ၍
မရှိချေ။ (ဒုတိယစကားမှာ) အကြင်သူသည် မတရားကျူးလွန်စော်ကားခံ၇သောအခါတွင် ဆွဗရ် သည်းခံမျိုသိပ်ခဲ့လှင်
အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) သည် ဤသို့ဆွဗရ် သည်းခံမျိုသိပ်မှုကို အကြောင်းခံပြီး ထိုသူ၏
ဂုဏ်သိက္ခာကို မြင့်မားစေတော်မူသည်။ (တတိယစကားမှာ) အကြင်သူသည် လူအများထံ၌ တောင်းရမ်းမှုဟူသော
တခါးကို ဖွင့်လိုက်လျှင် အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) သည် ထိုသူ့အပေါ် ဆင်းရဲမွဲတေမှု၏ တံခါးကိုဖွင့်လိုက်တော်မူလိုက်ပေသည်။
ပြီးနောက် ရစူလွလ္လာဟ်(ဆွလ္လလ္လာဟ်ဟုအလိုင် ဟိဝစလ္လမ်) က အသင်တို့ အထူးသတိကြစေရန် စကားတစ်ခွန်းကို
တင်ပြမည်ဟု အမိန်ရှိတော်မူသည်။ ဤလောကတွင် လူလေးမျိုးရှိသည်။ ပထမလူတစ်မျိုးမှာ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ)
က ထိုသူအား ဥစ္စာပစ္စည်းနှင့်အတူ အသိပညာကိုလည်း ချီးမြှင့်ခဲ့သည်။ သို့ရှိရာ ထိုသူသည်
( မိမိအသိပညာဏ်ဖြင့်) မိမိပိုင် ပစ္စည်းများနှင့် ပတ်သတ်၍ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) အား
ကြောက်ရွံခဲ့သည်။ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) မနှစ်သက်သောနေရာများတွင် မသုံးစွဲခဲ့ချေ။
သို့ရာတွင် ဆွေမျိုးဆက်ခြင်း၌ သုံးစွဲခဲ့ကြသည်။ ထိုပစ္စည်းဥစ္စာတွင် အရှင်မြတ်၏ ဟပ်က်တာဝန်ရှိသည်ဟု
သိထားသဖြင့် ကောင်းမူများတွင် သုံးစွဲခဲ့ကြသည်။ဤပုဂ္ဂိုလ်သည် ကိယာမသ်နေ့တွင် အားလုံးထက်အမွန်မြတ်ဆုံးသော
နေရာ၌ စံမြန်းကြရပေမည်။ ဒုတိယလူမှာ ဤသို့သောသူဖြစ်သည်။ ထိုသူအား အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ)
က အိလင်မ် အသိပညာကိုပေးထားပြီး ဥစ္စာပစ္စည်းများ မပေးထားချေ။ ဤသူက အကယ်၍သာ မိမိ၌ ဥစ္စာပစ္စည်း
များရှိခဲ့ပါမူ ထိုပုဂ္ဂိုလ်များကဲ့သို့ (ကောင်းသောလုပ်ငန်းများ၌) သုံးစွဲကြမည်ဟု အမှန်တကယ်ပင်နီယသ်ဆန္ဒထားခဲ့သည်။
သို့ရှိရာ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) ကလည်း ဤသူ၏ နီယသ်ဆန္ဒပြုခဲ့မှုကြောင့်ပင် (ပထမ လှူဒါန်းသုံစွဲခဲ့သူနှင့်
နီယသ်ပြုသူနှစ်ဦးစလုံး ၏ ဆဝါးဗ် မှာအတူတူဖြစ်မည်။ တတိယလူမှ ဤသို့သောသူဖြစ်သည်။ ၎င်းသူအား
အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) က ဥစ္စာပစ္စည်းများကို ပေးသနားထားပြီး အိလင်မ်အသိပညာကိုမှု မပေးခဲ့ချေ။
သို့ရှိရာ ထိုသူသည် မိမိဥစ္စာပစ္စည်းများနှင့်ပတ်သတ်၍ အသိပညာဥာဏ်မရှိမှုကြောင့် စိတ်ထင်၇ာသုံးစွဲသည်။
(မသင့်လျော်သော်မထိုက်တန်သော နေရာများ၌ သုံးစွဲသည်။) ၎င်းဥစ္စာပစ္စည်းများနှင့်ပတ်သတ်၍ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ)အား
ကြောက်ရွံရကောင်းမှန်းမသိချေ။ ဆွေမျိုးသားချင်းများအား မကြည့်ရှူချေ။ ဤဥစ္စာပစ္စည်း များနှင့်ပတ်သတ်၍
အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) ၏ တာဝန်ဝတ္တရားများ ကိုလည်းမသိရှိ၇ချေ။ သို့ရှိရာ ဤသို့သောသူများသည်
ကိယာမသ်နေ့တွင် အယုတ်ညံ့ဆုံး အသိမ်ဖျင်းဆုံး အဆင့်တွင် ခံစားကြရပေမည်။ စတုတ္ထလူမှာ ဤသို့သောသူဖြစ်သည်။
၎င်းသူအား အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) က ဥစ္စာပစ္စည်းေ၇ာ အသိပညာပါ နှစ်မျိုးစလုံး မချီးမြှင့်ခဲ့ပေ။
ထိုသူကလည်း အကယ်၍သာ မိမိ၌ ဥစ္စာပစ္စည်းများရှိခဲ့ပါမှု မိမိသည်လည်း ၎င်းသူကဲ့သို့ပင် ဆိုလိုသည်မှာ
တတိယလူကဲ့သို့ပင် (စိတ်ထင်ရာသုံးစွဲပစ်မည်)ဟု ဆန္ဒပြုခဲ့ရာ ထိုသူသည် ဤသို့ ဆန္ဒပြုခဲ့သဖြင့်
အပြစ်ထိုက်သွားသည်ဖြစ်ရာ ထိုသူနှင့် တတိယလူတို့၏ အပြစ်များသည် အတူတူပင်ဖြစ်သွားပေသည်။
ဆိုလိုသည်မှာ ကောင်းမှုနှင့် မကောင်းမှု များအတွက် နီယသ် ဆန္ဒပြုခြင်းဖြင့် ရရှိလာမည့်
အကျိုးဆဝါးဗ်နှင့် အပြစ်ဂိုနာဟ်များသည် ၎င်းကောင်းမှုနှင့် မကောင်းမှုများကို လက်တွေ့ကိုယ်ထိလက်ေ၇ာက်
ပြုလုပ်သူကဲ့သိုပင်ဖြစ်သည်။(သစ်ရ်မေဇီ)
Wednesday, February 19, 2014
၈။ ကျောက်ဖျာရွေ့လျားစေခဲ့သော ကောင်းမှုများ
ဟဇရသ် အဗ်ဒွိလ္လာဟ်ဗင်န်အုမရ်(
ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။
အသင်တို့အလျင် အွမ္မသ်တစ်ခုမှ ပုဂ္ဂိုလ်သုံးဦးရှိခဲ့သည်။ ၎င်းတို့သုံးဦးသားအတူတကွ ခရီးထွက်ခဲ့ကြသည်။
(ဤသို့သွားရင်း ညရောက်လာသောအခါ) စခန်းချတည်းခိုရန်အတွက် ဂူတစ်ဂူထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ထိုအခိုက်တွင် တောင်ပေါ်မှ ကျောက်ဖျာကြီးတစ်ခု လျောကျလာပြီး ဂူဝအား ပိတ်ဆို့သွားခဲ့သည်။
(ဤအခြေအနေကို ကြည့်ပြီး ၎င်းတို့သုံးဦးသည် ဤကျောက်ဖျာကြီး ပိတ်ဆို့ခံရမှုမှ လွတ်မြောက်ရန်အတွက်
မိမိတို့အသီးသီး ပြုခဲ့ကြသော ကောင်းမူများကို အကြောင်းပြု၍ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ)
ထံ ဒိုအာ ပြုကြရန် တိုင်ပင်ကြရသည်။ ထို့ကြောင့် ၎င်းတို့အသီးသီးသည် မိမိတို့ပြုခဲ့ကြသော
ကောင်းမူများကို အကြောင်းခံ၍ ဒိုအာပြုကြသည်။
၎င်းတို့အထဲမှ တစ်ဦးသည် (အိုအလ္လာဟ်) (အရှင်မြတ်သိတော်မူပါသည်။)
ကျွန်တော်မျိုး၏ မိဘနှစ်ပါးသည် အသက်အရွယ်အိုမင်းရင်ရော်နေပါသည်။ ကျွန်တော်မျိုးသည်
မည်သည့်အခါမျှ ဤမိဘနှစ်ပါး ထက်ဦး၍ မိမိမိသားစုနှင့် ကျွန်များကို နို့မတိုက်ခဲ့ပါ။
တစ်နေ့တွင် ကျွန်တော်မျိုးသည် ပစ္စည်းတစ်ခုကို ရှာဖွေရင်း အဝေးသို့ထွက်သွားခဲ့ပါသည်။
ကျွန်တော်အိမ်ပြန်ရောက်သောအခါ မိဘနှစ်ပါးစလုံးမှာ အိပ်ပျော်နေပါသည်။ (သို့တိုင်အောင်)
ကျွန်တော်မျိုးသည် ယင်းမိဘနှစ်ပါးသောက်သုံးရန် နို့ညှစ်၍ ယူလာသောအခါ ၎င်းတို့မှာ ယခုတိုင်
အိပ်မောကျနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ကျွန်တော်မျိုးကလည်း ၎င်းတို့အား မနှိုးသည် သာမက
၎င်းတို့ မသောက်သုံးမီအလျင် မိမိ မိသားစုနှင့် ကျွန်များကို တိုက်ရန်လည်း ဆန္ဒမရှိချေ။
သို့ဖြင့် ကျွန်တော်မျိုးသည် ဤနို့ခွက် ကိုကိုင်ပြီး ၎င်းတို့၏ ခေါင်းရင်းဘက်ရပ်၍ မိဘနှစ်ပါး
နိုးထမည့် အချိန်အထိ စောင့်ဆိုင်းခဲ့ရာ နံနက်မိုးလင်းသောအခါမှသာ မိဘနှစ်ပါး နိုးလာခဲ့သည်။
ထိုအခါမှ ညက မတိုက်ရဘဲ ကျန်ခဲ့သော နို့ကို မိမိ၏ မိဘနှစ်ပါးအား တိုက်ကျွေးခံသည်။ ယာအလ္လာဟ်
ကျွန်တော်မျိုးသည် ဤကောင်းမှုကို အရှင်မြတ် ကျေနပ်နှစ်သက် စေရန်အတွက် ရည်စူး၍ ပြုလုပ်ခဲ့သည်ဖြစ်မှု
ကျွန်တော်မျိုးတို့ ဤကျောက်ဖျာပိတ်ဆို့ခံ၇မှု ကြောင့်ခံစားနေရသော ဒုက္ခမှ လွတ်မြောက်ခွင့်
ချီးမြှင့်တော်မူပါဟု ဒိုအာပြုသည်။
ဤဒိုအာကြောင့် ကျောက်ဖျာကြီးသည် အနည်းငယ်ပွင့်ဟသွားခဲ့သည်။ သို့ရာတွင် ၎င်းတို့အပြင် ထွက်နိုင်လောက်အောင် မပွင့်ဟသေးချေ။
တမန်တော်မြတ် (ဆွလ္လ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ ဒုတိယ ပုဂ္ဂိုလ်ကလည်း ယာအလ္လာဟ် ကျွန်တော်မျိုးသည် ဦးလေး၏ သမီး(တစ်ဝမ်းကွဲညီမ) အားလွန်စွာချစ်မြတ်နိုးပါသည်။ (တစ်ကြိမ်တစ်ခါ၌) ကျွန်တော်မျိုးသည် မိမိရာဂဖြည့်ဆည်းရန်အတွက် ဆန္ဒထားခဲ့သော်လည်း သူမက အခွင့်အရးမပေးခဲ့ပါ။ သို့ရာတွင် တစ်ကြိမ်သောအခါ၌ မိုးခေါင်ရေရှား ကပ်ဆိုက်ရောက်လာလေရာ သူမသည် ကျွန်တော်မျိုးထံသို့ အကူအညီတောင်းရန် အခြေအနေသို့ ဆိုက်ရောက်လာလေတော့သည်။ ကျွန်တော်မျိုးကလည်း သူမအား ရွှေဒဂါး(၁၂၀) ပေးရန်အတွက် အဖော်မပါဘဲ တစ်ဦးတည်းလာရန် စည်းကမ်းသတ်မှတ်လိုက်လေသည်။ ကျွန်တော်မျိုးစောင့်မျှော်ခဲ့သော အခွင့်အေ၇းမှာ ဆိုက်ရောက်လာခဲ့ ပြီဖြစ်သည်။ သူမသည် ကျွန်တော်မျိုး၏ လက်ခုပ်ထဲရောက်လာပြီး ကျွန်တော်မျိုး၏ ဆန္ဒဖြည့်ဆည်းတော့မည့် အချိန်တွင် သူမက အသင်သည် ဤ အပျိုရည်ကို မတရားသောနည်းဖြင့် ချေဖျက်ပစ်ရန် မလုပ်ဆောင်သင့်( အသင့်အတွက် ဟလာလ် မဟုတ်) ဟု ကျွန်မ ထင်ပါသည်ဟု ပြောဆိုသည်။ (ဤစကားကိုကြားပြီး) ကျွန်တော်မျိုးသည် မကောင်းကြံသော ဆန္ဒမှ နောက်ဆုတ်လိုက်ပြီး သူမအားအလွန် ချစ်မြတ်နိုးသော်လည်း သူမအနီးမှ ခွဲခွာလိုက်သည်သာမက ရွှေဒဂါးများကိုလည်း ပြန်၍မယူတော့ချေ။ ယအလ္လာဟ် အကယ်၍ ကျွန်တော်မျိုးသည် ဤအမှုကိစ္စကို အရှင်မြတ် ကျေနပ်နှစ်သက်စေရန်အတွက် ပြုခဲ့သည်ဖြစ်ပါမှု ကျွန်တော်မျိုး တို့အား ဤဒုက္ခမှ ဖယ်ရှားပေးသနားတော်မူပါဟု ဒိုအာပြုသည်။
ထိုအခါ ကျောက်ဖျာကြီးမှာ အနည်းငယ်ထပ်၍ ပွင့်ဟသွားခဲ့ပြန်သည်။ သို့တိုင်အောင်လည်း ၎င်းတို့သုံးဦးသားမှာ အပြင်သို့မထွက်နိုင်သေးချေ။
တတိယပုဂ္ဂိုလ် ကလည်း ယာအလ္လာဟ်၊ အလုပ်သမားအချို့ကို ကျွန်တော်မျိုး ငှားရမ်းစေခိုင်းခဲ့ပါသည်။ ပြီးနောက် လုပ်အားခများကိုလည်း ပေးချေခဲ့ပါသည်။ သို့ရာတွင် အလုပ်သမား တစ်ဦးမှာမူ မိမိလုပ်အားခကို မယူလဲ ထွက်သွားခဲ့ပါသည်။ ကျွန်တော်မျိုးသည် ဤလုပ်အားခငွေကို လုပ်ငန်းတစ်ခုတွင် ရင်းနှီးမြုပ်နှံ၍ လုပ်ကိုင်ခဲ့ရာ အမြတ်အစွန်းများစွာ တိုးပွားခဲ့ပါသည်။ အချိန်ကာလ အတော်ကြာသောအခါ တစ်နေ့ထိုအလုပ်သမားသည် ကျွန်တော့ထံသို့ ပြန်လာ၍ အိုအရှင့်ဗန္ဒဟ် ကျွန်တော်အား လုပ်အားခငွေကို ပေးပါဟုတောင်းရာ ကျွန်တော်မျိုးကလည်း အသင်မြင်ရသော ကျွန်များ၊ ကုလားအုတ်များ၊ နွားများ ဆိတ်များ အားလုံးသည် အသင်၏လုပ်အားခပင်ဖြစ်သည်။ ဆိုလိုသည်မှာ အသင့်၏ လုပ်အားခငွေကို ရင်းနှီးလုပ်ကိုင်ခဲ့ရာ ဤအကျိုးအမြတ်မား အားလုံးကို ရရှိခဲ့ပါသည် ဟိုဆို၏။ ထိုအခါ ယင်းအလုပ်သမားက အိုအ၇ှင့်ဗန္ဒဟ် ကျွန်တော်မျိုးအား မကျီစယ်ပါနှင့်ဟု ဆိုရာ ကျွန်တော်မျိုးကလည်း ကျီဆယ်နေခြင်းမဟုတ်ကြောင်းနှင့် အမှန်ပင် ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။ ထိုအခါ (ကျွန်တော်မျိုးရှင်းပြပြီးနောက်မှ) ယင်းအလုပ်သမား ကလည်း ယင်း ဥစ္စာပစ္စည်းအားလုံးကို တစ်ခုမျှပင် ချန်မထားဘဲ အကုန်ယူသွားခဲ့ပါသည်။ ယာအလ္လာဟ် အကယ်၍ ကျွန်တော်မျိုးသည် ဤမူကိစ္စကို အရှင်မြတ် ကျေနပ်နှစ်သက်စေရန်အတွက် သာရည်စူး၍ ပြုကျင့်ခဲ့ခြင်းဖြစ်ပါမူ ကျွန်တော်မျိုးတို့အား ဤခံစားနေရသော ဘေးဒုက္ခမှ ကယ်မတော်မူပါဟု ဒိုအာပြုလိုက်ရာ ကျောက်ဖျာကြီးမှာ လုံးဝရွေ့လျားသွားခဲ့သည်။ (ဂူအဝ လည်းပွင့်သွားခဲ့သည်) ထိုအခါမှ ၎င်းပုဂ္ဂိုလ်သုံးဦးစလုံးလည်း ဂူအပြင်ဘက်သို့ ထွက်လာခဲ့ကြသသည်။( ဗုခါရီ)

Monday, February 17, 2014
၇။အရှင်မြတ်လက်ခံလိုက်သော ဆွဒကဟ် သုံးခု
ဟဇရသ် အဗူဟုရိုင်ရဟ် (ရဒွိယလ်လာဟုအန်ဟု)
က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှီတော်မူသည်။
(ဗနီအစ္စရာအီလ်မျိုးနွယ်မှ) ပုဂ္ဂိုလ်တစ်ဦးသည် (ယနေ့ညတွင် တိတ်တဆိတ်လူမသိအောင်) ဆွဒကဟ်ပေးမည်ဟု
(မိမိစိတ်ထဲ၌)ဆန္ဒပြုခဲ့သည်။ ထို့ကြောင့် (ညအချိန် တိတ်တဆိတ် လူမသိအောင် ဆွဒကဟ်ပေးမည့်
ပစ္စည်းထုတ်ကို ယူ၍ စူးစမ်းလေ့လာမူမပြုဘဲ) သူခိုး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ နံနက်လင်းသောအခါ
(ညက) သူခိုးကို ဆွဒကဟ် ပေးလိုက်သည်ဟု သတင်းပြန့်ပွားခဲ့သည်။ ထိုအခါ ၎င်းဆွဒကဟ်ပေးသူက ယာအလ္လာဟ်(
သူခိုးကို ဆွဒကဟ်ပေးခဲ့မိခြင်းအတွက်လည်း) အရှင်မြတ်အား ချီးကျူးထောမနာ ပြုအပ်ပါသည်။
(အကြောင်းမှာ ကျွန်တော်မျိုးသည် ဤသူထက်သာပိုဆိုးရွားသောသူအား
ပေးမိခဲ့လျှင်လည်း မည်သို့မျှ မတတ်စွမ်းနိုင်ပါ)။ ပြီးနောက် ထိုသူသည် ထပ်မံ၍ ည၌ ဆွဒကဟ်ပေးရန်
ဆန္ဒပြုပြန်သည်။ (အကြောင်းမှ ပထမနေ့က ပေးခဲ့သော ဆွဒကဟ်သည် အချည်းအနှီးဖြစ်သွားခဲ့ပေသည်။)
ထို့ကြောင့်ညရောက်သောအခါ ဆွဒကဟ်ပေးမည့်အထုတ် ကိုယူ၍ (စူးစမ်းလေ့လာမှုမပြုဘဲ) ဆွဒကဟ်အထုပ်အား
အကျင့်ပျက်မိန်းမတစ်ဦးအား ပေးလိုက်သည်။ နံနက်မိုးလင်းသောအခါ အကျင့်ပျက်မိန်းမတစ်ဦးအား
ဆွဒကဟ်ပေးလိုက်သည်ဟု သတင်းပျံလာသည်။ ထိုအခါ
၎င်းဆွဒကဟ်ပေးခဲ့သူက ယာအလ္လာဟ် အကျင့်ပျက်မိန်းမတစ်ဦးအား (ဆွဒကဟ်ပေးခဲ့မိခြင်းအတွက်လည်း)
အရှင်မြတ်အား ချီးကျူးးထောမနာပြုအပ်ပါသည်။ (အကြောင်းမှာ ကျွန်တော်မျိုး၏ ဥစ္စာပစ္စည်းသည်
ဤအဆင့်အတန်းထက်ပင် နိမ့်ကျနေပါသေးသည်။) ပြီးနောက် (တတိယအကြိမ်) ည၌ ဆွဒကဟ်ပေးရန် ဆန္ဒပြုပြန်သည်။
ထို့ကြောင့် ညအခါတွင် ဆွဒကဟ်ပေးမည့်အထုပ် ကိုယူ၍ ထွက်လာခဲ့သည်။ ထို့နောက် ယင်းအထုပ်ကို
သူဋ္ဌေးတစ်ဦးအား ( စူးစမ်းလေ့လာမှုမပြုဘဲ) ပေးခဲ့သည်။ နံနက်မိုးလင်းသောအခါတွင် ညက သူဋ္ဌေးတစ်ဦးအား
ဆွဒကဟ်ပေးခဲ့သည်ဟု သတင်းပျံလာသည်။ ထိုအခါ ဆွဒကဟ်ပေးခဲ့သူက ယာအလ္လာဟ်၊ ကျွန်တော်မျိုးသည်
သူခိုး၊ အကျင့်ပျက်မိန်းမ နှင့် သူဋ္ဌေးတ တစ်ဦးတို့အား ဆွဒကဟ်ပေးခဲ့မိခြင်းအတွက် အရှင်မြတ်ကိုသာ
ချီးကျူးထောမနာပြုအပ်ပါသည်။ (အကြောင်းမှာ ကျွန်တော်မျိုး၏ ဥစ္စာပစ္စည်းများသည် ဤသူများနှင့်ပင်
မထိုက်တန်အောင် အဆင်နိမ့်သောကြောင့်ဖြစ်သည်။) ထိုသူသည် ညတွင် ဤကဲ့သို့အိမ်မက်မက်ခဲ့သည်။
(အသင်ပေးခဲသော ဆွဒကဟ်များသည် အရှင်မြတ်ထံတော်တွင် လက်ခံတော်မူခြင်းခံ၇ပေသည်။) အသင်
သူခိုးအား ပေးခဲ့သော ဆွဒကဟ်သည် (မည်သို့ပင် အကျိုးပြုခဲ့သည်ဟုမူ) သူခိုးအား ဤသို့ ခိုးဝှက်ခြင်း
အမှုမှ သောင်ဗဟ်အမှား ဝန်ခံစေခဲ့သည်။ထို့နောက် အကျင့်ပျက် မိန်းမအားလည်း ဤသို့ မကောင်းပြုနေခြင်းမှ
သောင်ဗဟ်ပြုရန် (အကျိုးပေးခဲ့သည်)။ ၎င်းအမျိုးသမီးအား ဤအကျင့်ဆိုး ဤမကောင်းမှုများ မကျူးလွန်ဘဲလျက်နှင့်
အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) က ပေးစွမ်းနိုင်တော်မူကြောင်း သိရှိစေပြီး နောင်တရစေခဲ့သည်။
ပြီးနောက် သူဋ္ဌေးအားလည်း ဤသို့နောင်တရစေခဲ့သည်မှာ အလ္လာဟ်(စွဗ်အာနဟူဝသအာလာ) ၏ ဗန္ဒဟ်ကျေးကျွန်မှာ
မည်သို့လျှို့ဝှက်စွာ လှူဒါန်းနေကြကြောင်း ကို သိရှိစေ၍ မိမိကိုယ်တိုင်လည်း အရှင်မြတ်
ချီးမြှင့်ထားသော ဥစ္စာ ပစ္စည်းများကို အရှင်မြတ်လမ်းတော်၌ သုံးစွဲလျှူဒါန်းရန် အသိတရားရစေခဲ့သည်။(ဗုခါရီ)
ရှင်းလင်းချက်။ ။ထိုသူ၏ နီယသ်စိတ်စေတနာ ဖြူစင် သန့်ရှင်းခဲ့သောကြောင့်သာ
၎င်းဆွဒကဟ်သုံးခုစလုံးကို အရှင်မြတ် ကျေနပ်နှစ်သက်
ကဗူလ်ပြုတော်မူခဲ့သည်။
Subscribe to:
Posts (Atom)