ဟဇရသ် အဗူဟုရိုင်ရဟ် (ရဒွိယလ်လာဟုအန်ဟု)
က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှီတော်မူသည်။
(ဗနီအစ္စရာအီလ်မျိုးနွယ်မှ) ပုဂ္ဂိုလ်တစ်ဦးသည် (ယနေ့ညတွင် တိတ်တဆိတ်လူမသိအောင်) ဆွဒကဟ်ပေးမည်ဟု
(မိမိစိတ်ထဲ၌)ဆန္ဒပြုခဲ့သည်။ ထို့ကြောင့် (ညအချိန် တိတ်တဆိတ် လူမသိအောင် ဆွဒကဟ်ပေးမည့်
ပစ္စည်းထုတ်ကို ယူ၍ စူးစမ်းလေ့လာမူမပြုဘဲ) သူခိုး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ နံနက်လင်းသောအခါ
(ညက) သူခိုးကို ဆွဒကဟ် ပေးလိုက်သည်ဟု သတင်းပြန့်ပွားခဲ့သည်။ ထိုအခါ ၎င်းဆွဒကဟ်ပေးသူက ယာအလ္လာဟ်(
သူခိုးကို ဆွဒကဟ်ပေးခဲ့မိခြင်းအတွက်လည်း) အရှင်မြတ်အား ချီးကျူးထောမနာ ပြုအပ်ပါသည်။
(အကြောင်းမှာ ကျွန်တော်မျိုးသည် ဤသူထက်သာပိုဆိုးရွားသောသူအား
ပေးမိခဲ့လျှင်လည်း မည်သို့မျှ မတတ်စွမ်းနိုင်ပါ)။ ပြီးနောက် ထိုသူသည် ထပ်မံ၍ ည၌ ဆွဒကဟ်ပေးရန်
ဆန္ဒပြုပြန်သည်။ (အကြောင်းမှ ပထမနေ့က ပေးခဲ့သော ဆွဒကဟ်သည် အချည်းအနှီးဖြစ်သွားခဲ့ပေသည်။)
ထို့ကြောင့်ညရောက်သောအခါ ဆွဒကဟ်ပေးမည့်အထုတ် ကိုယူ၍ (စူးစမ်းလေ့လာမှုမပြုဘဲ) ဆွဒကဟ်အထုပ်အား
အကျင့်ပျက်မိန်းမတစ်ဦးအား ပေးလိုက်သည်။ နံနက်မိုးလင်းသောအခါ အကျင့်ပျက်မိန်းမတစ်ဦးအား
ဆွဒကဟ်ပေးလိုက်သည်ဟု သတင်းပျံလာသည်။ ထိုအခါ
၎င်းဆွဒကဟ်ပေးခဲ့သူက ယာအလ္လာဟ် အကျင့်ပျက်မိန်းမတစ်ဦးအား (ဆွဒကဟ်ပေးခဲ့မိခြင်းအတွက်လည်း)
အရှင်မြတ်အား ချီးကျူးးထောမနာပြုအပ်ပါသည်။ (အကြောင်းမှာ ကျွန်တော်မျိုး၏ ဥစ္စာပစ္စည်းသည်
ဤအဆင့်အတန်းထက်ပင် နိမ့်ကျနေပါသေးသည်။) ပြီးနောက် (တတိယအကြိမ်) ည၌ ဆွဒကဟ်ပေးရန် ဆန္ဒပြုပြန်သည်။
ထို့ကြောင့် ညအခါတွင် ဆွဒကဟ်ပေးမည့်အထုပ် ကိုယူ၍ ထွက်လာခဲ့သည်။ ထို့နောက် ယင်းအထုပ်ကို
သူဋ္ဌေးတစ်ဦးအား ( စူးစမ်းလေ့လာမှုမပြုဘဲ) ပေးခဲ့သည်။ နံနက်မိုးလင်းသောအခါတွင် ညက သူဋ္ဌေးတစ်ဦးအား
ဆွဒကဟ်ပေးခဲ့သည်ဟု သတင်းပျံလာသည်။ ထိုအခါ ဆွဒကဟ်ပေးခဲ့သူက ယာအလ္လာဟ်၊ ကျွန်တော်မျိုးသည်
သူခိုး၊ အကျင့်ပျက်မိန်းမ နှင့် သူဋ္ဌေးတ တစ်ဦးတို့အား ဆွဒကဟ်ပေးခဲ့မိခြင်းအတွက် အရှင်မြတ်ကိုသာ
ချီးကျူးထောမနာပြုအပ်ပါသည်။ (အကြောင်းမှာ ကျွန်တော်မျိုး၏ ဥစ္စာပစ္စည်းများသည် ဤသူများနှင့်ပင်
မထိုက်တန်အောင် အဆင်နိမ့်သောကြောင့်ဖြစ်သည်။) ထိုသူသည် ညတွင် ဤကဲ့သို့အိမ်မက်မက်ခဲ့သည်။
(အသင်ပေးခဲသော ဆွဒကဟ်များသည် အရှင်မြတ်ထံတော်တွင် လက်ခံတော်မူခြင်းခံ၇ပေသည်။) အသင်
သူခိုးအား ပေးခဲ့သော ဆွဒကဟ်သည် (မည်သို့ပင် အကျိုးပြုခဲ့သည်ဟုမူ) သူခိုးအား ဤသို့ ခိုးဝှက်ခြင်း
အမှုမှ သောင်ဗဟ်အမှား ဝန်ခံစေခဲ့သည်။ထို့နောက် အကျင့်ပျက် မိန်းမအားလည်း ဤသို့ မကောင်းပြုနေခြင်းမှ
သောင်ဗဟ်ပြုရန် (အကျိုးပေးခဲ့သည်)။ ၎င်းအမျိုးသမီးအား ဤအကျင့်ဆိုး ဤမကောင်းမှုများ မကျူးလွန်ဘဲလျက်နှင့်
အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) က ပေးစွမ်းနိုင်တော်မူကြောင်း သိရှိစေပြီး နောင်တရစေခဲ့သည်။
ပြီးနောက် သူဋ္ဌေးအားလည်း ဤသို့နောင်တရစေခဲ့သည်မှာ အလ္လာဟ်(စွဗ်အာနဟူဝသအာလာ) ၏ ဗန္ဒဟ်ကျေးကျွန်မှာ
မည်သို့လျှို့ဝှက်စွာ လှူဒါန်းနေကြကြောင်း ကို သိရှိစေ၍ မိမိကိုယ်တိုင်လည်း အရှင်မြတ်
ချီးမြှင့်ထားသော ဥစ္စာ ပစ္စည်းများကို အရှင်မြတ်လမ်းတော်၌ သုံးစွဲလျှူဒါန်းရန် အသိတရားရစေခဲ့သည်။(ဗုခါရီ)
ရှင်းလင်းချက်။ ။ထိုသူ၏ နီယသ်စိတ်စေတနာ ဖြူစင် သန့်ရှင်းခဲ့သောကြောင့်သာ
၎င်းဆွဒကဟ်သုံးခုစလုံးကို အရှင်မြတ် ကျေနပ်နှစ်သက်
ကဗူလ်ပြုတော်မူခဲ့သည်။
No comments:
Post a Comment