ဟဇရသ် အဗူကဗ်ရှဟ်အန်မာရီ (ရဒွိယာလာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟု အလိုင်ဟိဝစလ္လမ်) က အမိန့်ရှိတော်မူသည်။ ကျွန်ုပ် ကစမ်ကျိန်ဆို၍
စကားသုံးခွန်းကို တင်ပြမည်။ ၎င်းနောက် မှ သီးခြား၍ စကားတစ်ခွန်းကို တင်ပြမည်။ ဤစကားကို
အသင်တို့ အထူးတလည် စောင့်ထိန်းကြပါ။ (ကျွန်ုပ်ကစမ်ကျိန်ဆိုသော စကားသုံးခွန်းအနက်မှ
တစ်ခုမှာ) မည်သည့် ဗန္ဒဟ်ကျေးကျွန်၏ ဆွဒကဟ်လှူဒါန်းလိုက်သော ဥစ္စာပစ္စည်းမှ လျော့ပါးဆုံးရှူံးသွားသည်ဟူ၍
မရှိချေ။ (ဒုတိယစကားမှာ) အကြင်သူသည် မတရားကျူးလွန်စော်ကားခံ၇သောအခါတွင် ဆွဗရ် သည်းခံမျိုသိပ်ခဲ့လှင်
အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) သည် ဤသို့ဆွဗရ် သည်းခံမျိုသိပ်မှုကို အကြောင်းခံပြီး ထိုသူ၏
ဂုဏ်သိက္ခာကို မြင့်မားစေတော်မူသည်။ (တတိယစကားမှာ) အကြင်သူသည် လူအများထံ၌ တောင်းရမ်းမှုဟူသော
တခါးကို ဖွင့်လိုက်လျှင် အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) သည် ထိုသူ့အပေါ် ဆင်းရဲမွဲတေမှု၏ တံခါးကိုဖွင့်လိုက်တော်မူလိုက်ပေသည်။
ပြီးနောက် ရစူလွလ္လာဟ်(ဆွလ္လလ္လာဟ်ဟုအလိုင် ဟိဝစလ္လမ်) က အသင်တို့ အထူးသတိကြစေရန် စကားတစ်ခွန်းကို
တင်ပြမည်ဟု အမိန်ရှိတော်မူသည်။ ဤလောကတွင် လူလေးမျိုးရှိသည်။ ပထမလူတစ်မျိုးမှာ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ)
က ထိုသူအား ဥစ္စာပစ္စည်းနှင့်အတူ အသိပညာကိုလည်း ချီးမြှင့်ခဲ့သည်။ သို့ရှိရာ ထိုသူသည်
( မိမိအသိပညာဏ်ဖြင့်) မိမိပိုင် ပစ္စည်းများနှင့် ပတ်သတ်၍ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) အား
ကြောက်ရွံခဲ့သည်။ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) မနှစ်သက်သောနေရာများတွင် မသုံးစွဲခဲ့ချေ။
သို့ရာတွင် ဆွေမျိုးဆက်ခြင်း၌ သုံးစွဲခဲ့ကြသည်။ ထိုပစ္စည်းဥစ္စာတွင် အရှင်မြတ်၏ ဟပ်က်တာဝန်ရှိသည်ဟု
သိထားသဖြင့် ကောင်းမူများတွင် သုံးစွဲခဲ့ကြသည်။ဤပုဂ္ဂိုလ်သည် ကိယာမသ်နေ့တွင် အားလုံးထက်အမွန်မြတ်ဆုံးသော
နေရာ၌ စံမြန်းကြရပေမည်။ ဒုတိယလူမှာ ဤသို့သောသူဖြစ်သည်။ ထိုသူအား အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ)
က အိလင်မ် အသိပညာကိုပေးထားပြီး ဥစ္စာပစ္စည်းများ မပေးထားချေ။ ဤသူက အကယ်၍သာ မိမိ၌ ဥစ္စာပစ္စည်း
များရှိခဲ့ပါမူ ထိုပုဂ္ဂိုလ်များကဲ့သို့ (ကောင်းသောလုပ်ငန်းများ၌) သုံးစွဲကြမည်ဟု အမှန်တကယ်ပင်နီယသ်ဆန္ဒထားခဲ့သည်။
သို့ရှိရာ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) ကလည်း ဤသူ၏ နီယသ်ဆန္ဒပြုခဲ့မှုကြောင့်ပင် (ပထမ လှူဒါန်းသုံစွဲခဲ့သူနှင့်
နီယသ်ပြုသူနှစ်ဦးစလုံး ၏ ဆဝါးဗ် မှာအတူတူဖြစ်မည်။ တတိယလူမှ ဤသို့သောသူဖြစ်သည်။ ၎င်းသူအား
အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) က ဥစ္စာပစ္စည်းများကို ပေးသနားထားပြီး အိလင်မ်အသိပညာကိုမှု မပေးခဲ့ချေ။
သို့ရှိရာ ထိုသူသည် မိမိဥစ္စာပစ္စည်းများနှင့်ပတ်သတ်၍ အသိပညာဥာဏ်မရှိမှုကြောင့် စိတ်ထင်၇ာသုံးစွဲသည်။
(မသင့်လျော်သော်မထိုက်တန်သော နေရာများ၌ သုံးစွဲသည်။) ၎င်းဥစ္စာပစ္စည်းများနှင့်ပတ်သတ်၍ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ)အား
ကြောက်ရွံရကောင်းမှန်းမသိချေ။ ဆွေမျိုးသားချင်းများအား မကြည့်ရှူချေ။ ဤဥစ္စာပစ္စည်း များနှင့်ပတ်သတ်၍
အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) ၏ တာဝန်ဝတ္တရားများ ကိုလည်းမသိရှိ၇ချေ။ သို့ရှိရာ ဤသို့သောသူများသည်
ကိယာမသ်နေ့တွင် အယုတ်ညံ့ဆုံး အသိမ်ဖျင်းဆုံး အဆင့်တွင် ခံစားကြရပေမည်။ စတုတ္ထလူမှာ ဤသို့သောသူဖြစ်သည်။
၎င်းသူအား အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) က ဥစ္စာပစ္စည်းေ၇ာ အသိပညာပါ နှစ်မျိုးစလုံး မချီးမြှင့်ခဲ့ပေ။
ထိုသူကလည်း အကယ်၍သာ မိမိ၌ ဥစ္စာပစ္စည်းများရှိခဲ့ပါမှု မိမိသည်လည်း ၎င်းသူကဲ့သို့ပင် ဆိုလိုသည်မှာ
တတိယလူကဲ့သို့ပင် (စိတ်ထင်ရာသုံးစွဲပစ်မည်)ဟု ဆန္ဒပြုခဲ့ရာ ထိုသူသည် ဤသို့ ဆန္ဒပြုခဲ့သဖြင့်
အပြစ်ထိုက်သွားသည်ဖြစ်ရာ ထိုသူနှင့် တတိယလူတို့၏ အပြစ်များသည် အတူတူပင်ဖြစ်သွားပေသည်။
ဆိုလိုသည်မှာ ကောင်းမှုနှင့် မကောင်းမှု များအတွက် နီယသ် ဆန္ဒပြုခြင်းဖြင့် ရရှိလာမည့်
အကျိုးဆဝါးဗ်နှင့် အပြစ်ဂိုနာဟ်များသည် ၎င်းကောင်းမှုနှင့် မကောင်းမှုများကို လက်တွေ့ကိုယ်ထိလက်ေ၇ာက်
ပြုလုပ်သူကဲ့သိုပင်ဖြစ်သည်။(သစ်ရ်မေဇီ)