Tuesday, February 11, 2014

အိခ်လာဆွေနီယာသ် စိတ်စေတနာဖြူစင်သန့်ရှင်းခြင်း

အိခ်လာဆွေနီယာသ် စိတ်စေတနာဖြူစင်သန့်ရှင်းခြင်း 

(ဆိုလိုသည်မှာ) စိတ်စေတနာမှန်ကန်ကောင်းမွန်ခြင်း။ အရှင်မြတ်၏ အမိန့်တော်များကိုအရှင်မြတ်ကျေနပ်နှစ်သက်စေရန်အတွက် ရည်စူး၍လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်။ ကုရ်အာန်၏အာယာသ်တော်များ (၁) ထို (ရဟူဒီဘာသာဝင်များနှင့် နာဆ်ရာနီတို့ပြောဆိုကြသောစကား၌အဘယ်မှာလျှင် ဟုတ်မှန်ပါအံ့နည်း။) စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်တိုင် အလ္လာဟ်အရှင်မြတ်အား အလ္လာဟ်အရှင်မြတ်အား လုံးဝအပ်နှင်းပြီး (ခယရိုကျိုး၍) ကောင်းမှုကုသိုလ်များကို ပွားများခဲ့ပါလျှင် ထိုကဲ့သို့သောလူတို့၌ မိမိတို့၏ အရှင်ထံတော်၌ အကျိုးကျေးဇူးများကို မုချရရှိ၍ စိုးရိမ်ကြောင့်ကြပူဆွေးကြရမည်လည်း မဟုတ်ချေ။ (ကုရ်အာန် ၂း ၁၀၂) (၂) စင်စစ်သော်ကားအသင်တို့သည် အလ္လဟ်အရှင်မြတ်၏နှစ်သက်ကျေနပ်မှုကို ရရှိရန်အတွက်သာ လှူဒါန်းပေးကမ်းကြကုန်လော့။ (၃) တစ်ဖန် မည်သူမဆိုလောကီအကျိုးကို အလိုရှိခဲ့ပါမူ၊ ငါအရှင်မြတ်သည် (အလိုတော်ရှိခဲ့လျှင်) ထိုသူအားလောကီအကျိုးကို ပေးသနားတော်မူအံ့။ ထိုနည်းတူစွာ မည်သူမဆို နောင်တမလွန်ဘ၀၏ကျေးဇူးကို အလိုရှိခဲ့ပါလျှင်၊ ငါအရှင်မြတ်သည်ထိုလူအား နောင်တမလွန်ဘ၀ဧ။်အကျိုးကို ပေးသနားတော်မူအံ့ ။ ၄င်းပြင် ငါအရှင်မြတ်သည် (ရွှတ်ရ်)ကျေးဇူးသိတတ်သော သူတို့အား မကြာမီအကျိုးပေးဆပ်တော်မူအံ့ ။

No comments:

Post a Comment