Saturday, February 15, 2014

၅။မပါဝင်သော်လည်း ကောင်းမှု၏ အစားကို ရရှိသူများ

ဟဇရသ် အနတ်စ်ဗင်န်မာလစ်က် (ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ အသင်တို့သည် မဒီနာမြို့တွင် ဤသို့သော လူအချို့ကို ထားရစ်ခဲ့ကြသည်။ ၎င်းတို့သည် အသင်တို့မည်သည့်လမ်းမှ သွားသည်ဖြစ်စေ၊ အသင်တို့မည်သို့ သုံးစွဲလှူဒါန်းကြသည်ဖြစ်စေ၊ ဤကောင်းမှုကုသိုလ်များ၏ (အကျိုးဆဝါးဗ် အစားရရှိမှုတွင်) အသင်တို့နှင့်အတူ ပါဝင်ခံစားရရှိကြပေသည်။ ဆွဟာဗဟ် (ရဒွိယလ်လာဟုအန်ဟွမ်) များက ယာရစူလ္လလ္လာလ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) ၎င်းတို့သည် ကျွန်တော်တို့နှင့် ဤအကျိုးဆဝါးဗ်များကို အဘယ်ကြောင့် အတူခံစားရရှိကြမည်နည်း။ အကြောင်းမှာ ၎င်းတို့သည် မဒီနာမြို့၌ ကျန်ရစ်ခဲ့ကြပေသည်ဟု မေးလျှောက်ကြရာ တမန်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) က(၎င်းတို့သည် အသင်တို့နှင့်အတူ လိုက်ပါကြရန် ဆန္ဒရှိခဲ့ကြသည်။ သို့ရာတွင် တရားတော်အ၇ သတ်မှတ်ထားသော (အုဇူရ်) မပြည့်စုံမှုက ၎င်းတို့အား တားမြစ်ခဲ့သည်ဟု ဖြေကြားတော်မူသည်။(အဗူဒါဝူဒ်)


No comments:

Post a Comment