ဟဇ၇သ် အဗူဟု၇ိုင်ရဟ်(ရဒွိယလ်လာဟုအန်ဟု)က
ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ မုချဧကန်
အလ္လာဟ် (စွဗ်ဟာနဟူဝသအာလာ)သည် အသင်တို့၏ ရုပ်၇ည်ရူပကာနှင့် အသင်တို့၏ ဥစ္စာပစ္စည်းများကို
ကြည့်တော်မမူချေ။ သို့ရာတွင် အသင်တို့၏ နှလုံးသား၊ ၎င်းအသင်တို့ ပြုကျင့်သော အမလ်ကောင်းမူကုသိုလ်များကိုသာ
ကြည့်တော်မူ၏။
(မွတ်စ်လင်မ်)
ရှင်းလင်းချက်။ ။ဆိုလိုသည်မှာ ဤနေ၇ာ၌ အလ္လာဟ် (စွဗ်ဟာနဟူဝသအာလာ) ၏ ကျေနပ်နှစ်သက်မှု ဆုံးဖြတ်ချက်သည် အသင်(မွတ်စ်လင်မ်) တို့၏ ရုပ်၇ည်၇ူပကာနှင့် အသင်တို့၏ ဥစ္စာပစ္စည်း များအပေါ်၌ ချမှတ်စေလိမ့်မည်မဟုတ်ချေ။ သို့၇ာတွင် အသင်တို့၏ နှလုံးသား၌ အဘယ်မျှတိုင် အိခ်လာဆ်ွစိတ် စေတနာဖြူ စင်သန့်ရှင်းမှုရှိလေသနည်း။ ၎င်းပြင် အသင်တို့ပြုကျင့်ဆောက်တည်ခဲ့သော ကောင်းမှုကုသိုလ်အပေါ်၌ ကြည့်ရှုဆုံးဖြတ်တော်မူလိမ့်မည်ဖြစ်သည်။

No comments:
Post a Comment