ဟဇ၇သ် အိဗ်နေ့အဗ္ဗားစ်( ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်)
အမိန့်ရှိတော်မူသည်။ အလ္လာဟ် (စွဗ်ဟာနဟူဝသအာလာ) သည်ကောင်းမူ၊ မကောင်မူများနှင့် ပတ်သတ်၍
ဆုံးဖြတ်သတ်မှတ်ချက်ကို ဖရစ်ရှ်သဟ်များအား ရေးမှတ်စေတော်မူသည်။ ပြီးနောက် အောက်ပါအတိုင်းရှင်းလင်ချက်ပေးတော်မူမည်။
၎င်းမှာ အကြင်သူသည် ကောင်းမူနှင့်ပတ်သတ်၍ ကျင့်သုံးရန် ဆန္ဒပြုခဲ့ပြီးနောက် (အကြောင်းတစ်စုံတစ်ရာကြောင့်)
မကျင့်သုံးဖြစ်ခဲ့လျှင် အရှင်မြတ်သည် ၎င်းသူအတွက် ကောင်းမှုတစ်ခုကိုေ၇းမှတ်စေတော်မူသည်။
အကယ်၍ ဤသို့ဆန္ဒပြုပြီးနောက် လက်တွေ့ ကျင့်သုံးဆောက်တည်ခဲ့လျှင်မူ အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ)
သည် ထိုသူအတွက် ကောင်းမူဆယ်ခုမှ အဆနှစ်ရာအထိ သာမက အဆပေါင်းများစွာ ရေးမှတ်စေတော်မူသည်။
အကယ်၍ အကြင်သူသည် မကောင်းမူတစ်စုံတစ်ရာ ကျူးလွန်ရန် ဆန္ဒပြုခဲ့ပြီးနောက်မှ လက်တွေ့မကျင့်သုံးမပြုမူဘဲ
နောက်ဆုတ်ခဲ့လျှင် အလ္လာဟ်(ဆွဗ်ဟာနဟူဝသအာလာ) သည် ထိုသူအတွက် ကောင်းမူတစ်ခုရေးမှတ်စေတော်မူသည်။
(အကြောင်းမှာ ထိုသူသည် အရှင်မြတ်အား ကြောက်ရွံပြီး ဤမကောင်းမူမှ နောက်ဆုတ်ခဲ့သောကြောင့်
ဖြစ်သည်။) အကယ်၍ ဤသို့ကျူးလွန်ရန် ဆန္ဒပြုပြီးနောက် လက်တွေ့ကျူးလွန်ခဲ့လျှင်မူ မကောင်းမှုတစ်ခုသာ ရေးမှတ်စေတော်မူသည်။(ဗုခါရီ)
No comments:
Post a Comment